MNP ၊ စက်တင်ဘာ ၂၈
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့်(၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နေပြည်တော်(ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီးနှင့် ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)တို့၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။
ဂုဏ်ပြုသွေးလှူဒါန်းခြင်းများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံတို့၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့်တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့်စာရေးဝန်ထမ်း စုစုပေါင်း ၂၄၈ ဦးတို့က တစ်ချိန်တည်း ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြသည့် သွေးလှူရှင်တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတန်း အတွင်းဝန် ဦးခိုင်ထွန်းဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ နေပြည်တော် (ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ရဲမြင့်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိ မြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ တာဝန်ရှိသူများက ကြည့်ရှု အားပေးစကား ပြောကြားကာ သွေးလှူရှင်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာ များနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် စာရေးဝန်ထမ်း ၂၄၈ ဦးတို့က စုပေါင်း သွေးလှူဒါန်းခဲ့ကြပြီး စက်တင်ဘာလ ၂၉ ရက်တွင်လည်း နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ ရဲတပ်ဖွဲ့ဝင် ၁၇၃ ဦးတို့ကဆက်လက် သွေးလှူဒါန်းကြမည်ဖြစ်ရာ စုစုပေါင်း သွေးလှူဒါန်းမှု ၄၂၁ ဦးရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment