MNP ၊ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ်းခမ်းမြို့ရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်အပ်နှင်းခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ခန်းမ၌ပြုလုပ်ရာ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်က လက်နက်များ တပ်ဆင်ပေးရသည့် ရည်ရွယ်ချက်၊ ရိက္ခာများထောက်ပံ့ပေးအပ်မည့် အစီအမံများ၊ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်နှင့် တိုင်းမှူးတို့က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များ အပ်နှင်းပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ရာ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ ကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment