မုံရွာခရိုင်၊ သစ်တောဦးစီးဌာန၊ ဘမုံရွာမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၀၂၃ခုနှစ်၊မိုးရာသီ) တွင် လူထုဖြန့်ပျိုးပင် လျာထား (၇၄၀၀၀) ပင်ပျိုး‌ထောင်ထားရှိပြီး သစ်မျိုးအလိုက် ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာခရိုင်၊ သစ်တောဦးစီးဌာန၊ ဘမုံရွာမြို့နယ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂၀၂၃ခုနှစ်၊မိုးရာသီ) တွင် လူထုဖြန့်ပျိုးပင် လျာထား (၇၄၀၀၀) ပင်ပျိုး‌ထောင်ထားရှိပြီး သစ်မျိုးအလိုက် ဖြန့်ဝေပေး

 







MNP ၊  စက်တင်ဘာ  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် သစ်တောဦးစီးဌာနမှ ဦးဆောင်ပြီး မုံရွာမြို့နယ်အား ဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူဖြစ်စေရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအထောက်အကူဖြစ်စေရေး၊သစ်တောသစ်ပင်များချစ်ခင်မြတ်နိုးလိုစိတ်ဖြစ်ပေါ်လာစေရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၂၀၂၃ခုနှစ်၊မိုးရာသီ) တွင် လူထုဖြန့်ပျိုးပင် လျထား (၇၄၀၀၀) ပင်ပျိုး‌ထောင်ထားရှိပြီး သစ်မျိုးအလိုက် ပြည်သူများနှင့်ဌာနဆိုင်ရာများသို့ နန္ဒဝန်ပျိုးဥယျာဥ်နှင့် အလုံသစ်တောပျိုးဥယျာဥ်တို့မှ ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်ထွန်းထံမှ သိရသည်။


မုံရွာသစ်တောဦးစီးဌာနရှိ နန္ဒဝန်ပျိုးဥယျာဥ် နှင့် အလုံသစ်တောပျိုးဥယျာဥ်တို့တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်(၂၀၂၃ခုနှစ်၊မိုးရာသီ)တွင် ကျွန်း ၃၀၀၀၀၊ ကုက္ကိုလ် ၄၀၀၀၊ ခရေ ၃၀၀၀၊ ငုစပ် ၂၀၀၀၊ ငုရွှေဝါ ၃၀၀၀၊ စိန်ပန်းကြီး ၂၀၀၀၊ တမာ ၈၀၀၀၊ ဗန်ဒါ ၂၀၀၀၊ မန်ကျည်း ၃၀၀၀၊ မာတာကွတ် ၁၀၀၀၊ မယ်ဇယ် ၆၀၀၀၊ မယ်ဇလီ ၄၀၀၀၊ ရေတမာ ၄၀၀၀၊ သပြေဘူတ ၂၀၀၀၊ စုစုပေါင်းလူထုဖြန့်ပျိုးပင် လျထား (၇၄၀၀၀) ပင်ပျိုး‌ထောင်ထားရှိပြီး စက်တင်ဘာ ၂၅ ရက်နေ့အထိ ပျိုးပင်ပေါင်း ၃၆၇၈၆ပင်ကို ဖြန့်ဝေပြီးစီး၍ စိုက်ပျိုးထားရှိပါကြောင်းနှင့် ကျန်ရှိပျိုးပင် ၃၇၂၁၄ ပင်ကို ဆက်လက်ဖြန့်ဝေခြင်းများကိုလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ မည်သူမဆို ကျွန်တော်တို့ မြို့နယ်နယ်သစ်တောဦးစီးဌာနသို့ ရုံးချိန်အတွင်း လာရောက်ဆက်သွယ်၍ အခမဲ့ထုတ်ယူနိုင်ပါကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)