MNP ၊ စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဗီနိုင်းစိုက်ထူခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ တြိဂံလမ်းဆုံတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဗီနိုင်းစိုက်ထူပွဲသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ ဝင်များ ၊ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်း၊ အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ရဲတပ် ဖွဲ့စိတ်(မောင်တော)မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူးစံမင်း နှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ ၊ အမျိုးသမီး ရေးရာ အဖွဲ့ဝင်များ ၊ မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်း ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး “လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ် စောင့် ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့” ဆောင်ပုဒ်ပါ အသိပညာပေးဗီနိုင်းကို စိုက်ထူခဲ့ကြသည်။
ထို့နောက် လူကုန် ကူးမှု တိုက် ဖျက် ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မိမိတို့မြို့နယ်အတွင်း လူကုန်ကူးမှုမခံရစေရန်အတွက် ဆောင်ရန် ၊ရှောင် ရန် များ ပါဝင်သော အသိပညာပေး လက်ကမ်း စာစောင်များကိုလည်း လူစည်း ကားရာ နေရာ များ နှင့် လမ်းဆုံတို့တွင် ဖြန့်ဝေပေး ခဲ့ ကြကြောင်းသိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost





No comments:
Post a Comment