မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ရုရှားနိုင်ငံ အလည်အပတ်ခရီး ပြီးဆုံး၍ ရထားဖြင့် ပြန်လည်ထွက်ခွာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ရုရှားနိုင်ငံ အလည်အပတ်ခရီး ပြီးဆုံး၍ ရထားဖြင့် ပြန်လည်ထွက်ခွာ



ARTYOM ၊ စက်တင်ဘာ ၁၇

ရုရှားနိုင်ငံသို့ ငါးရက်ကြာ အလည်အပတ်ခရီး ပြီးဆုံး၍ ပြန်လည်ထွက်ခွါမည့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းအား ရုရှားမှ အဆင့်မြင့် အရာရှိများက ဘူတာတွင် လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ကင်ဂျုံအန်း၏ သံချပ်ကာရထား စောင့်ဆိုင်းနေ သည့် ရုရှားနိုင်ငံ Primorsk နယ်မြေရှိ Artem-Primorsky-1 ဘူတာရုံ၌ ကင်ဂျုံအန်း က ရုရှားအဆင့်မြင့် အရာရှိများအား ဆင်းတွေ့ခဲ့ပြီး Artyom မှမြောက်ကိုရီးယားနယ်စပ်ရှိ Khasan မီးရထားဘူတာ သို့ ပြန်လည်ထွက်ခွါခဲ့ခြင်း ဖြစ်သည်။

ကင်ဂျုံအန်သည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ရုရှားနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် မြောက်ကိုရီးယားခေါင်းဆောင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရုရှားနိုင်ငံ အရှေ့ဖျားရှိ Vostochny အာကာသစခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ စနေနေ့တွင် ကင်ဂျုံအွန်သည် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် တွေ့ဆုံခဲ့ပြီး ရုရှားစစ်လေယာဉ်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။


Ref - (Sputnik)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)