စဉ့်ကူးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ အမျိုးသားနှစ်ဦး၊ အမျိုးသမီး နှစ်ဦးကို PDF အကြမ်းဖက်သမားများက သတ်လိုက်ကြပြန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ အမျိုးသားနှစ်ဦး၊ အမျိုးသမီး နှစ်ဦးကို PDF အကြမ်းဖက်သမားများက သတ်လိုက်ကြပြန်ပြီ


MNP ၊ စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာရှိ မြနန်းဟေမာန် စားသောက်ဆိုင်ရှေ့၌ ဦးသိန်းဇော် ကို PDF အကြမ်းဖက်သမားများက သတ်ဖြတ်သွားခဲ့ပြီး ညောင်ဝန်းကျေးရွာနှင့် ရွှေပြည်ကျေးရွာကြား၊ မန္တလေး-မိုးကုတ်ကားလမ်းမကြီးပေါ်၌ ဦးခင်မောင်ချင်း၊ ဒေါ်လွင်လွင်ဌေး၊ ဒေါ်သဲနူငယ် တို့ကိုလည်း အကြမ်းဖက်သမားများက သတ်ဖြတ်သွားကြောင်း သိရသည်။

ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်တွင် PDF အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ဦးသိန်းဇော် တွင် နောက်စေ့ကျည်ဖောက်ဝင်ပြီး ပါးစပ်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဦးခင်မောင်ချင်း တွင် ဝဲ-ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ယာ-နံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဒေါ်လွင်လွင်ဌေး တွင် နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-နံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-လက်ကောက်ဝတ် ပေါက်ပြဲဒဏ်ရာ ၂ ချက်၊ ဒေါ်သဲနူငယ် တွင် ရင်ညွန့် ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ-နံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ-နံဘေး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

ဦးသိန်းဇော်(မြနန်းဟေမာန် စားသောက်ဆိုင်ပိုင်ရှင်)နှင့် ဇနီးဒေါ်သဲနုငယ်၊ ကုဋေစု စားသောက်ဆိုင်ပိုင်ရှင် ဦးခင်မောင်ချင်းနှင့် ဇနီးဒေါ်လွင်လွင်ဌေးတို့သည် ၎င်းတို့၏ ဆိုင်များအတွင်း၌ ရှိနေကြစဉ် PDF အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဦးသိန်းဇော် ကို ၎င်းဆိုင်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျန် ၃ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ ညောင်ဝန်းကျေးရွာနှင့် ရွှေပြည်ကျေးရွာကြား၊ မန္တလေး-မိုးကုတ်ကားလမ်းမကြီးပေါ်၌ သတ်ဖြတ်သွားခဲခြင်း ဖြစ်ကြောင်း သိရပါသည်။

သေဆုံးသူများမှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူများဖြစ်ကြပြီ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက  ပစ်မှတ်ထား သတ်ဖြတ်နေကြခြင်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)