အရာတော်မြို့နယ်တွင် ၅မြို့နယ်မှ PDF အကြမ်းဖက်သမားများ စုဝေးနေပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် ပြင်ဆင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရာတော်မြို့နယ်တွင် ၅မြို့နယ်မှ PDF အကြမ်းဖက်သမားများ စုဝေးနေပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် ပြင်ဆင်လျက်ရှိ


MNP ၊ စက်တင်ဘာ ၁၇

အရာတော်မြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ လွှမ်းမိုးထားသည့် ကျေးရွာများတွင် အရာတော်၊ ဒီပဲယင်း၊ ဘုတလင်၊ ဝက်လက်၊ မြင်းမူ (၅)မြို့နယ်မှ PDF အကြမ်းဖက်သမားများ စုဝေးနေပြီး အိုးဘိုကုန်း၊ ရွှေတွင်းကုန်း၊ အုတ်ရှစ်ကုန်း၊ ထန်းတောကုန်း ကျေးရွာများတွင် အဓိက စုဝေးနေကြောင်း သိရသည်။

ဒေသခံတစ်ဦးက "ရဲစခန်းကို PDF တွေက ဝိုင်းပစ်လို့ လေကြောင်းကနေ လာပြီး ပစ်ကူပေးတယ်။ ၂ရက် ဆက်တိုက် လေကြောင်းက ဖိုက်တာနဲ့ PDF တွေကို လာပစ်သွားတယ်။ အခု PDF က လူစုမကွဲဘူး။ အရာတော်ထဲမှာ လာစုနေကြတယ်။ ဒီပဲယင်း ပဒက်တွေရော၊ ဘုတလင်၊ ဝက်လက်၊ မြင်းမူ ၅မြို့နယ် ပဒက် က ရွှေတွင်းကုန်းလေးရွာ မှာ လာစုနေတာပေါ့။ တခြားရွာတွေမှာလည်း ရှိနေပါတယ်။" ဟု ပြောသည်။

အရာတော်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး၊ အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ရာတွင် ဖရဲသီးက PDF အကြမ်းဖက်သမားများထံ ကြိုတင်သတင်းပေးပို့နေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း၊ မိုင်းဆွဲခံရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး တပ်မတော်အရာရှိတချို့ လုပ်ကြံခံခဲ့ရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ဒေသခံများနှင့် ဆက်သွယ်ပြီး မြန်မာနေရှင်နယ်ပို့စ်မှ ဖော်ပြခဲ့ပြီးဖြစ်ရာ ရဲစခန်းကို လာဝိုင်းပစ်သည့် PDF အကြမ်းဖက်သမားများကို လေကြောင်းမှ သွားရောက်နှိမ်နင်းခဲ့သည်။ နီပိန်း အစွန်းရောက် PDF အကြမ်းဖက်သမားများက ပြန်လည်စုဖွဲ့ပြီး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် ပြင်ဆင်လျက်ရှိကြောင်း PDF အဖွဲ့အတွင်းမှ သတင်းပေးသူက ဆက်သွယ် ပြောကြားလာခြင်း ဖြစ်သည်။


#MyanmarNationalPost

(အကြမ်းဖက်ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်နေကြသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းပါစေ။ ပြည်ဖျက်မိစ္ဆာ အစွန်းရောက် အကြမ်းဖက်အန္တရာယ်များကို အောင်မြင်စွာ နှိမ်နင်းနိုင်ကြပါစေ။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)