ငြိမ်းချမ်းရေးအတွက် လက်တွဲကြမယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငြိမ်းချမ်းရေးအတွက် လက်တွဲကြမယ်

(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် (NCA) လက်မှတ်ရေးထိုးထားသော ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးတွေ့ဆုံ)




နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၄/၂၀၂၃)ကို ၂၈-၉-၂၀၂၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာမှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က (NCA)လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပသွားမယ့် အစီစဉ်နဲ့ ပတ်သက်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က - တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၈ နှစ်မြောက် နှစ်ပတ်လည်နေ့အား အနှစ်သာရရှိစွာဖြင့် ကျင်းပ ပြုလုပ်ရန်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ပြောကြားရာတွင် “လာမယ့် အောက်တိုဘာ လ ၁၅ ရက်နေ့ဟာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခြင်း၊ NCA လက်မှတ်ရေးထိုးသည့် ၈ နှစ်မြောက် နေ့ဖြစ်ပါတယ်။ ဒါကိုနိုင်ငံရေးအနှစ်သာရ ရှိရှိလုပ်ဖို့ရှိပါတယ်။ တိုင်းရင်း သားခေါင်းဆောင်တွေလည်း လက်လှမ်းမှီသလောက် အကုန်ဖိတ်ပါတယ်။ ပြည်ပနိုင်ငံ တွေလည်းအခုဖိတ်နေပါပြီ။ ကျွန်တော် Personal အကုန်စာတွေရေးပြီး ဖိတ်ပါတယ်။ တစ်ချို့ကလည်းတယ်လီဖုန်းနဲ့၊ တစ်ချို့ကလည်းစာနဲ့ ရေးပြီးဖိတ်တာတွေရှိတယ်။ တစ်ချို့လာနိုင်တယ်လို့လည်းပြောတာရှိတယ်။ တစ်ချို့ကတော့သူလည်း မလာနိုင်ဘူး၊ သို့သော်လည်း အဓိကကျတဲ့သူတို့ကိုယ်စားလှယ်တွေလွှတ်ပေးမယ်လို့ ပြောတာတွေ ရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထားရှိလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပိုပြီးလိုလားတဲ့စိတ်ရှိဖို့လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့လိုပါတယ်။ လက်မှတ်မထိုး ထားတဲ့အဖွဲ့တွေက လည်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်း အားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါ တယ်။ အမုန်းတရားတွေဖြစ်နေပြီးတော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိ တယ်။ ကျွန်တော်တို့ကတော့ Moving Forward ပဲ၊ ရှေ့ကိုသွားမှာပဲ။ ရသလောက် ကျွန်တော်လုပ်သွားမှာပဲ။ ရအောင်လုပ်သွားမယ်။ အဲ့ဒီတော့ ဒီအပေါ်မှာ ကျွန်တော်တို့ အားလုံး သံသယရှင်းရှင်း၊ အာဃာတကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော် တို့ မျှော်မှန်းချက်လမ်းကြောင်းကတော့ ရှောရှောရှုရှုရောက်မယ်ဆိုတာကို တွေ့ပါတယ်။ ဒါလေးတွေဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့ အတွက်တိုက်တွန်းလိုပါတယ်။ ဟု ပြောကြားခဲ့ပါတယ်။

အထက်ပါ ပြောကြားချက်ကို ကြည့်ခြင်းအားဖြင့် လာမယ့် အောက်တိုဘာ လ ၁၅ ရက်နေ့မှာ ကျင်းပမယ့် (NCA)လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားထားပြီးဖြစ်တယ်လို့ ယူဆရပါတယ်။ ဗိုလ်ချုပ်မှူးကြီးရဲ့ အမှာစကားမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ခွဲခြားဖိတ်ခေါ်တာမျိုး မဟုတ်ဘဲ လက်မှတ်ထိုးထားတဲ့အဖွဲ့များရော လက်မှတ်မထိုးထားတဲ့ အဖွဲ့များပါ တက်ရောက်နိုင်ဖို့ ခွဲခြားခြင်းမရှိ ဖိတ်ခေါ်ထားခြင်း ဖြစ်ပါတယ်။

နစကအစိုးရ တာဝန်ယူဆောင်ရွက်နေရတဲ့ ကာအတွင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဖွဲ့အားလုံး မလာခဲ့ကြပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့နဲ့ စဉ်ဆက်မပြတ် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ ဒီလိုတွေ့ဆုံဆွေးနွေးရာမှာလည်း (NCA)လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေး ထည့်သွင်းဆွေးနွေးခဲ့ကြတာမျိုး ရှိပါတယ်။

နစကအစိုးရ တာဝန်ယူဆောင်ရွက်နေရတဲ့ကာလ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ဖိတ်ခေါ်ရာမှာ KNU အဖွဲ့က တက်ရောက်ဆွေးနွေးခြင်း မရှိပါဘူး။ KNU ဥက္ကဋ္ဌအသစ် က ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF များကို ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း ခိုလှုံခွင့်ပေးထားသလို အကြမ်းဖက်သင်တန်း ပို့ချပေးပြီး အကြမ်းဖက်လှုပ်ရှားမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ ထွက်ပေါ်လာတဲ့ သတင်းတစ်ခုက အားလုံးအတွက် အံ့အားသင့်စရာပါပဲ။ ဒီသတင်းကတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့မှ လာရောက်တွေ့ဆုံနှုတ်ဆက်တဲ့ သတင်းပဲ ဖြစ်ပါတယ်။

ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့ကို နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ယနေ့ (၃၀-၉-၂၀၂၃) ရက်နေ့ နံနက်ပိုင်း က နေပြည်တော်ရှိ၊ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြတာကို တွေ့မြင်ရပါတယ်။

ဒီတွေ့ဆုံမှုဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၈ နှစ်မြောက် နှစ်ပတ်လည်နေ့မတိုင်မီ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ပထမဆုံးတွေ့ဆုံမှု ဖြစ်ပါတယ်။ ပထမဆုံးတွေ့ဆုံတဲ့ အဖွဲ့ဟာ နစကအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဆောင်ရွက်နေတဲ့ အဖွဲ့တွေထဲမှာ မပါခဲ့ပါဘူး။ 

သို့ပေသော် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ဖြစ်ပေါ်လာဖို့ ကြိုးပမ်းခဲ့တဲ့အထဲမှာ KNU ထိပ်ပိုင်းခေါင်းဆောင်ကြီးများပါခဲ့ကြတယ်။ တိုင်းပြည်ရဲ့ အနာဂတ်အတွက် သူတို့ချမှတ်ခဲ့တဲ့ လမ်းအတိုင်း သူတို့ ဆက်လျောက်မယ်။ နစကအစိုးရလို့ စကစလို့ခေါင်းစဉ်တပ်ပြီး CRPH, NUG နဲ့ ပူးပေါင်းကာ လက်နက်ကိုင်ပြီး လုပ်စားချင်တဲ့ လူတစ်စုကလည်း KNU ထဲမှာ ရှိနေပါတယ်။

ဒီလိုအခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲတွေမှာ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။ KNU ထဲမှာလည်း သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေတယ်။ နိုင်ငံရေးဆိုတာ ဘာမဆို ဖြစ်နိုင်တယ်ဆိုတာပါပဲ။ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့တွေ့ဆုံမှုဟာ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေနဲ့ အကြမ်းဖက်ဝါဒီတွေရဲ့ အရှိုက်ကို ထိုးလိုက်သလိုပါပဲ။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများဖြစ်တဲ့ CRPH, NUG တို့ဟာ KNU သည် သူတို့ လက်အောက်မှာပဲ ရှိနေသလိုလို၊ KNU တပ်ဖွဲ့ဝင်အားလုံးက အကြမ်းဖက်လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေကြသလိုလို ပြည်သူလူထုကြားမှာ ထင်ယောင်ထင်မှားဖြစ်အောင် ပြည်ဖျက်မီဒီယာတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ဖြစ်ပေါ်လာစေဖို့ မျိုးစေ့ချခဲ့တဲ့ ခေါင်းဆောင်ကြီးတွေ ယနေ့အချိန်မှာ သူတို့စိုက်ခဲ့တဲ့ အပင်ဟာ ရှင်သန်ကြီးထွားသင့်သလောက် ရှင်သန်မှု အားကောင်းမလာသည့်တိုင်အောင် မသေအောင်ေတော့ စောင့်ရှောက်ထားနိုင်သေးတယ်။ ငြိမ်းချမ်းရေးသစ်ပင်ကို ဆက်လက်ရှင်သန်ဖွံ့ဖြိုးစေလိုတဲ့ သစ္စာတရားနဲ့ ခရီးဆက်မယ်ဆိုရင်ဖြင့် ပြည်သူအများ မျှော်လင့်တောင်းတတဲ့ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတစ်ရပ်ကို များမကြာမီ ရောက်ပါလိမ့်မည်။

     

နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)