ညောင်ဦးမြို့နယ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်ဦးမြို့နယ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ




MNP ၊  စက်တင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ရုံးခန်းတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ညောင်ဦးမြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ကအဖွင့်အမှာစကား ပြောကြားပြီး ညောင်ဦးမြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးစိုးကဆွေးနွေးတင်ပြသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးဝင်းခိုင်နှင့်တွဲဖက် အတွင်းရေးမှူး ဒုတိယရဲအုပ် ချစ်မိုးတို့မှဆွေးနွေးတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာသည့် သက်ဆိုင်ရာဌာန ဆိုင်ရာများ၊အရပ်ဘက်အဖွဲ့အစည်းများမှ ဆွေးနွေးတင်ပြကြကာ ညောင်ဦးမြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်မှ နိဂုံးချုပ်အမှာစကားပြေားကြားခဲ့ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)