မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဒုတိယနေ့) ဆက်လက်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဒုတိယနေ့) ဆက်လက်ကျင်းပ



MNP ၊  စက်တင်ဘာ  ၂၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ  ဒုတိယနေ့ကို မကွေးမြို့၊ မြို့တော်ခန်းမနှင့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းဟေဝန်ခန်းမတို့တွင် ဆက်လက်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ  ဒုတိယနေ့အဖြစ် အသက် (၁၀) နှစ်မှ (၁၅) နှစ်အထိ ခေတ်ဟောင်း/ကာလပေါ် အခြေခံပညာ အဆိုပြိုင်ပွဲ၊ ခေတ်ဟောင်း/ကာလပေါ်အဆင့်မြင့်ပညာ၊ ဝါသနာရှင် အဆိုပြိုင်ပွဲများ၊ အသက် (၁၀)နှစ်မှ (၁၅) နှစ်အထိ အက အခြေခံပညာ၊ ဝါသနာရှင် အကပြိုင်ပွဲများ၊ စန္ဒယား ဝါသနာရှင် အတီး ပြိုင်ပွဲ၊ အသက် (၁၀) နှစ်မှ (၁၅) နှစ်အထိ အခြေခံပညာ ဆိုင်းတစ်ဦးချင်းပြိုင်ပွဲနှင့်  ဝါသနာရှင် ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲများအား ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် မြန်မာ့ရိုးရာဂီတများအား စိတ်ဝင်စားလာပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းနိုင်စေရေးနှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အနုပညာရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ (၂၅.၉.၂၀၂၃) ရက်နေ့မှ (၂၉.၉.၂၀၂၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ကိုစည်သူ

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)