ညောင်ဦးမြို့နယ် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိရာ ပိဿာချိန် ၆၁၀၅၀ ပိဿာရောင်းချပေးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိရာ ပိဿာချိန် ၆၁၀၅၀ ပိဿာရောင်းချပေးပြီးဖြစ်




MNP ၊  စက်တင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြည်သူများသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၏အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခဲ့ရာ စက်တင်ဘာ ၅ ရက်နေ့မှစတင်၍ စက်တင်ဘာ ၂၆ ရက်နေ့ထိ စားအုန်းဆီ ပိဿာချိန် ၆၁၀၅၀ ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ် ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းထွန်းဦးထံမှသိရသည်။


ညောင်ဦးမြို့နယ် နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဘက် တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများကို အမှတ်(၄)၊သီရိပစ္စယာရပ်၊ ရာဇသင်္ကြန်(၂)လမ်းထောင့် ရွှေပြည်ဝင်းဆီစက်၊ အမှတ်(၃) အောင်သိဒ္ဓိရပ်ကွက်၊ ကမ္ဘောဇဘဏ်လမ်း၊ ဆန်းရွှေဝါဆီဆိုင်၊ အမှတ်(၃) ဇေယျဝတီရပ်ကွက် ၊BT Restaurant စားသောက် ဆိုင်ရှေ့၊ တက်သိမ်းမြောက်ရပ်ကွက်၊ မြမြင့်မိုရ်ဆေးဆိုင်လမ်း၊ အမှတ်(၃)၊ ပြည်တော်အေးရပ်ကွက်၊ (၂)လမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ ပျူစောထီးလမ်းနှင့် ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက် ဒေါ်ရှင်ကုန်စုံဆိုင်နေရာ (၇)နေရာတို့တွင် စားအုန်းဆီများ အား ပြည်သူများလက်ဝယ်အ ရောက် ရောင်းချပေးလျက်ရှိရာ စက်တင်ဘာ ၂၆ ရက်နေ့အထိ စားအုန်းဆီပိဿာချိန် ၆၁၀၅၀ ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်း၊ စားအုန်းဆီရောင်းချပေးသည့် နေရာများသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းထွန်းဦးနှင့်အဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် စားအုန်းဆီများပြည်သူများလက်ဝယ်အရောက် တစ်ပိဿာ ၅၀၀၀ ကျပ်ဖြင့် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)