ဘိုကလေးမြို့နယ်တွင် စားသုံးဆီ(၁)ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် စားသုံးဆီ(၁)ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး




MNP ၊  စက်တင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပြည်သူများ သက်သာချောင်ချိစေရး၊ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့ကို ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်  ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ဆောင်ရွက်မှု၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့၏ ပေါင်းစပ်ဆောင်ရွက်မှုတို့ဖြင့် ယနေ့နေ့လယ်(၂)နာရီ အချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၄)ရပ်ကွက်ရုံး၌ ရပ်ကွက်အတွင်းမှ ပြည်သူများအား ဘိုကလေးမြို့နယ်အတွင်းမှ ဇော်မျိုးဦး ကုန်စုံဆိုင်နှင့် ဦးလှမြင့် ကုန်စုံဆိုင်တို့မှ ဆီ(၁)ပိဿာလျှင် (၄၅၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။


ရောင်းချရာတွင် ဩဂုတ်(၂၉)ရက်နေ့မှစတင်၍ တာဝန်ရှိသူများနှင့် အလှည့်ကျကုန်စုံဆိုင်ပိုင်ရှင်များ ဘိုကလေးမြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ပြီး တစ်နေ့လျှင် ဆီပိဿာချိန်(၂၂၀)ကို အိမ်ထောင်စုတစ်စုလျှင် (၅၀)သားနှုန်းဖြင့် အိမ်ထောင်စု (၄၄၀)အား ရောင်းချပေးခြင်းဖြစ်ပြီး လှည့်လည်ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့်လည်း ကွင်းဆင်းကြီးကြပ်ရောင်းချဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဘိုကလေးမြို့ပေါ်ရပ်ကွက်များမှ ကုန်စုံဆိုင် (၁၅)ဆိုင်အနေဖြင့်လည်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ စီစဉ်ကြီးကြပ်မှုနှင့်အတူ ဇူလိုင်(၂၇)ရက်နေ့မှ စတင်ကာ လှည့်လည်ရောင်းချသည့် အလားတူ ဆီပိဿာချိန်(၂၂၀)ကို အိမ်ထောင်စုတစ်စုလျှင် (၅၀)သားနှုန်းဖြင့် အိမ်ထောင်စု(၄၄၀)အား ရောင်းချဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မိုးစက်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)