မော်လမြိုင်မြို့၊ ကရင်ရိုးရာ ဝါခေါင်လ စုပေါင်းချည်ဖြူဖွဲ့ မင်္ဂလာပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်မြို့၊ ကရင်ရိုးရာ ဝါခေါင်လ စုပေါင်းချည်ဖြူဖွဲ့ မင်္ဂလာပြုလုပ်


MNP ၊ စက်တင်ဘာ ၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကရင်ရိုးရာ ဝါခေါင်လ စုပေါင်းချည်ဖြူဖွဲ့ မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့ရှိ ကွင်းရပ်ရပ်ကွက်၊ ဟုန်စံစီဘုရားကျောင်းရှိ ဟုန်စံစီခန်းမ၌ပြုလုပ်ရာ ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်း နာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဘီးလင်းမြို့၊ ကြိမ်ဖန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမဟိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကရင်ရိုးရာ ဝါခေါင်လ စုပေါင်းချည်ဖြူဖွဲ့ မင်္ဂလာ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌနှင့် ကရင်တိုင်းရင်းသား/ တိုင်းရင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကရင်စာပေနှင့် ယဉ်ကျေးမှူအသင်း နာယက ဆရာတော်က အဖွင့် ဩဝါဒစကား မိန့်ကြားတော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းသို့ ရန်ပုံငွေများ ပေးအပ်ရာ တာဝန်ရှိသူများကလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေး အပ်သည်။ ယင်းနောက် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ချည်ဖြူဖွဲ့မင်္ဂလာတွင် ပါဝင်သော ပစ္စည်း(၇)မျိုး၏ အမည်နှင့် အဓိပ္ပါယ်ကို မြန်မာ ဘာသာဖြင့် ရှင်းလင်းပြောကြားကာ ကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန် လည်ပြောကြားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက ကရင် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ကာ ချည်ဖြူဖွဲ့မင်္ဂလာ ပြုလုပ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။                                                   

          

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)