MNP ၊ စက်တင်ဘာ ၆
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြေူရေး အထက်တန်းကျောင်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာရပ်တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအား ယနေ့နံနက် (၉)နာရီခွဲက ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် စိုက်ပျိုးရေးဘာသာရပ်တွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူ (၁၅)ဦးနှင့် မွေးမြူရေးဘာသာရပ်တွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူ (၁၈)ဦး စုစုပေါင်း (၃၃)ဦးအား တစ်ဦးလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်သုံးလစာအတွက် စုစုပေါင်းငွေကျပ် ကိုးသိန်းကိုးသောင်းတိတိကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မိုးထွန်း၊ မြို့နယ်ဦးစီးမှူး ဦးတင့်မျိုးကို၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းနိုင်မင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမူတို့က အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်ပညာရပ်များသည် နည်းပညာနှင့်အသက်မွေးပညာဆိုင်ရာ သင်တန်းများဖြစ်သည့်အပြင် စာတွေ့လက်တွေ့ဖြင့် သင်ကြားပေးသော သင်တန်းများဖြစ်၍ တက်ရောက်သင်ကြားနေသည့် ကျောင်းသားကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးကို တစ်ဦးလျှင် လစဉ်ငွေကျပ် တစ်သောင်းနှုန်းဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment