ကျောက်ဖြူမြို့၌ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ






MNP ၊  စက်တင်ဘာ  ၁၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်ဈေး ထက်သက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယမန်နေ့ မွန်းလွဲ ပိုင်းက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ရှေ့နေရာ၌ စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။


ထိုသို့ ရောင်းချပေးရာတွင် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ကျောက် ဖြူမြို့နယ် ကိုယ်စားလှယ်နှင့်အဖွဲ့က စားသုံးဆီများကို သက်သာသော ဈေးနှုန်းထားဖြင့် ပြည်သူများ ဝယ်ယူစားသောက်နိုင်စေရန် လူတစ်ဦးလျှင် ဆီ(၁)ပိဿာ၊ ၄၇၀၀ ကျပ်စျေးနှုန်းဖြင့် ပြည်သူများထံ လက်ဝယ်အရောက် စနစ်တကျရောင်းချပေးလျက်ရှိသည်။ ယင်းသို့ ရောင်းချမှုကို စက်တင်ဘာ (၉) ရက် နေ့မှ (၁၃) ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် စေတီယျရပ်ကွက်၊ ကညင်တောရပ်ကွက်၊ မြစ်နားတန်းရပ်ကွက်၊ သန်ပန်ချောင်းရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်တို့၌ ရောင်းချပေးကြောင်း ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)