ဇလွန်မြို့တွင် နိုင်ငံတကာစာတက်မြောက်ရေးနေ့(အကြို) အသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့တွင် နိုင်ငံတကာစာတက်မြောက်ရေးနေ့(အကြို) အသိပညာပေး ဟောပြောပွဲကျင်းပ


MNP ၊  စက်တင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နိုင်ငံတကာစာတက်မြောက်ရေးနေ့ (အကြို) အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက နိုင်ငံတကာစာတက်မြောက် ရေးနေ့ (အကြို) အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ မောင်ပြေငြိမ်း (ဇလွန်)က စာတတ်မြောက်မှုသည် အခြေခံဖြစ်သောကြောင့် ကမ္ဘာ့ နိုင်ငံအသီးသီး စာတက်မြောက်ရေး ကြိုးပမ်းခဲ့ကြပြီး လူတိုင်းလူတိုင်းစာတက်မြောက်ရေးသည် အရေးကြီးကြောင်း၊ စာဖတ်ဝိုင်းများဆောင်ရွက်ခြင်း၊ စာကြည့်တိုက်များ တည်ဆောက်ပေးခြင်း၊ စာဖတ် ရှိန် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းများကြောင့် တိုးတက်ယဥ်ကျေးသော လူ့အဖွဲ့အစည်း ဖြစ်လာမည်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။


ဝေယံ 

https://t.me/MyanmarNationalPost




No comments:

Post a Comment