မြောက်ဦးမြို့၌ (၅၉) နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ (၅၉) နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ






MNP ၊  စက်တင်ဘာ  ၁၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၃၁) လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ ထမ္မရာဇ်ရပ်ကွက် ခရိုင်ပြည်သူ့ဆေးရုံးဝန်းတွင်းရှိ ကရုဏာလှိုင်းသွေးလှူရှင် များအသင်းတွင် ယနေ့ နံနက် ၈ နာရီအချိန်က စုပေါင်းသွေး လှူဒါန်းပွဲ ကျင်းပ ပြု လုပ်ခဲ့သည်။


ရှေးဦးစွာ သွေးလှူဒါန်းကြမည့် ရဲတပ်ဖွဲ့ဝင်များအား မြောက်ဦးခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်းနှင့် သွေးလှူဒါန်းရန်လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ကြသည်။ဆက်လက်၍ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းကြရာ အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊အမှတ်(၁၁) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့ခွဲမှူး ရဲမှူကြီး မျိုးဝဏ္ဏ ၊ အမှတ် (၃၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ဇော်ဝင်းထွန်း နှင့် တာဝန်ရှိသူများက သွေး လှူ ဒါန်းကြသည့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား လှည့်လည်နှုတ်ဆက် အားပေး စကားများ ပြေကြားကြကာ အာဟာရဖြည့်စာများထောက်ပံ့ပေးအပ်ခဲ့ကြသည်။


သွေးလှူဒါန်းပွဲတွင် အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့၊အမှတ်(၁၁) လုံခြုံရေးရဲကွပ်ကဲမှု အဖွဲ့ခွဲ မှူး ရဲမှူကြီး မျိုးဝဏ္ဏ ၊ အမှတ် (၃၁) လုံခြုံရေးရံတပ်ဖွဲ့ခွဲ၊တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ဇော်ဝင်းထွန်း၊ ရဲတပ်ဖွဲ့ဝင်(၂၅) ဦး၊ မိသားစုဝင်(၂၀) ဦးစုစုပေါင်း(၄၅) တို့မှ သွေးအမျိုးအစားမျိုးစုံကို (၅၉) နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment