MNP ၊ စက်တင်ဘာ ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲဖွင့်ပွဲသို့ တက်ရောက်ပြီး ခင်းကျင်းပြသထားသည့် စက်မှုပစ္စည်းများ၊ လျှပ်စစ်သုံးယာဉ်များနှင့် ပြန်ပြည့်မြဲစွမ်းအင်သုံးစနစ် များကို ကြည့်ရှုသည်။
မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် နန်နင်းသက်မွေးနည်းပညာ ကောလိပ်သို့ရောက်ရှိရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများက ကြိုဆိုကြသည်။ အစည်းအဝေး၌ ဒုတိယဝန်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံစေရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် မျှော်မှန်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရန် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက် တန်ဖိုးမြှင့်ထုတ်ကုန်များဆိုင်ရာ MSMEs များကို မြှင့်တင်ဆောင်ရွက်နေကြောင်း၊ ယခုနှစ်မှစ၍ စက်မှု - စိုက်ပျိုး - မွေးမြူရေး အထက်တန်းကျောင်းများကိုပါ ဖွင့်လှစ်ကာ တိုးမြှင့်မွေးထုတ်နေကြောင်းပြောကြားပြီး အရည်အသွေးပြည့်မီသည့် နည်းပညာရှင်၊ သက်မွေးပညာရှင်များကို စဉ်ဆက်မပြတ် ပျိုးထောင်နိုင်ရေးနှင့် နည်းပညာသစ်များကို အသုံး ချ၍ ထုတ်ကုန်ကဏ္ဍများ မြင့်မားရေးတို့တွင် ကူးလူးဖလှယ်၍ ပူးပေါင်းဆောင်ရွက်ရန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ကောလိပ်အတွင်းရှိ ကျောင်းများ တွင် စာသင်ခန်းများ၊ လက်တွေ့အလုပ်ရုံများ၊ အဆောင်များ၊ စားသောက်ဆောင်များ၊ အားကစားကွင်းများနှင့် စာကြည့်တိုက်တို့၌ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment