MNP ၊ စက်တင်ဘာ ၂၈
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ ဘုန်တော်ကြီးကျောင်းများမှ သံဃာတော် ၇၆ ပါးတို့ကိုလည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့မကျောင်းတိုက်မှ သံဃာတော် ၇၉ ပါးနှင့် ဒေသခံပြည်သူတို့ကိုလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ပေါက် ကျောင်းတိုက်ရှိ သံဃာတော် ၄၄ ပါးတို့ကို လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ဖရုံစုကျေးရွာနှင့် ဖဲခမဲကျေးရွာ၊ ကျောက်တန်းမြို့နယ်ရှိ ရွှေပြည်သာ ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ စုစုပေါင်း ၄၁၃ ဦးတို့ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ချောင်းဝ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၇ ပါးနှင့် ဒေသခံပြည်သူ ၄၇၄ ဦးတို့ကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေး အဖွဲ့များက သတ်မှတ်နေရာအသီးသီး၌ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ အရိုးအကြော ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထေွရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ်ခြင်း၊ ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သံဃာတော်များအား နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment