ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၉/၂၀၂၃)သို့ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၉/၂၀၂၃)သို့ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်


MNP ၊  စက်တင်ဘာ  ၃၀

ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၃) ကို စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ပြည်နယ်စားသုံးသူရေးရာကော်မတီအနေဖြင့် ယခင်အစည်းအဝေးဆုံးဖြတ်ထားသည့်အတိုင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည်ကို အသိအမှတ်ပြုပါကြောင်း၊ ဆက်လက်၍ အခြေခံပညာကျောင်းရှိ ကျောင်းဈေးတန်းများ ကွင်းဆင်းစစ်ဆေးရန်နှင့် စားသုံးသူဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရန် အမှာစကား ပြောကြားသည်။


ဆက်လက်၍ ပြည်နယ်စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှမိုးနိုင်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်စားသုံးသူကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်နိုင်မှုအပေါ် လိုအပ်သည်များ အကြံပြုဖြည့်စွက်ကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီးက  နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)