MNP - စက်တင်ဘာ ၁၁
ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်ကွင်းလယ်တိုက်စစ်ကစားသမား လူကာ မိုဒရစ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ဆော်ဒီလိဂ်က ကလပ်အသင်းတွေရဲ့ စံချိန်တင်လစာဖြင့် ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
လူကာ မိုဒရစ်က“ကျွန်တော် ရီးရဲလ်မှာ အရမ်းပျော်နေပြီး တခြားရွေးချယ်စရာတွေကို မတွေးဘဲ ပည့်စုံပြီး ကျေနပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး လူကာ မိုဒရစ်က“ကြီးမားတဲ့ကမ်းလှမ်းမှုလက်ခံလောက်တဲ့အထိ ကျွန်တော်အတ္တကြီးဖို့ မလိုအပ်ပါဘူး၊ ရီးရဲလ်နဲ့ အချိန်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဘောလုံးနဲ့ကစားချင်တယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment