ရန်ကုန်တိုင်းဒေသကြီး၏ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ (ခရိုင်အဆင့်) အနောက်ပိုင်းဇုန်ပြိုင်ပွဲ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၏ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ (ခရိုင်အဆင့်) အနောက်ပိုင်းဇုန်ပြိုင်ပွဲ ဖွင့်လှစ်







MNP ၊  စက်တင်ဘာ  ၁၃

ရန်ကုန်တိုင်းဒေသကြီး၏ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ (ခရိုင်အဆင့်) အနောက်ပိုင်းဇုန် (ကျောက်တံတားခရိုင်၊ အလုံခရိုင်၊ ကမာရွတ်ခရိုင်၊ မရမ်းကုန်းခရိုင်) ပြိုင်ပွဲဖွင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် စည်းကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သည်။


ဦးစွာရန်ကုန်တိုင်းဒေသကြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ကျောက်တံတားခရိုင် အုပ်ချုပ်ရေးမှူး ဦးဥက္ကာက အဖွင့်အမှာစကားပြောကြားပြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲအား (ခရိုင်အဆင့်) ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၏ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး၊ (ခရိုင်အဆင့်) အနောက်ပိုင်းဇုန်ပြိုင်ပွဲ အဖွင့်သီချင်းဖြစ်သည့် အောင်ပါစေသီချင်းကို ရန်ကုန်တိုင်းဒေသကြီး သဘင်အစည်းအရုံး ဘဏ္ဍာရေးမှူး ဦးမင်းဦးက သီဆိုပြီး (ရန်ကုန်ပန်တျာကျောင်း) မှ မောင်လျှမ်းထက်နှင့် မပပလှိုင်တို့က တင်ဆက်ကပြကြသည်။


ယင်းနောက် နိုင်ငံကျော်ရွှေတံဆိပ် (၁၉) ဆုရှင် (ဦးစိန်အေးမြင့်၊ ဦးဝင်းမောင်၊ မောင်ဖိုးချစ်) တို့က ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး၊ ဦးသိန်းဇော်နှင့်အဖွဲ့က အိုးစည်အတီးဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။


ထိုနောက် ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်သူများအား၊ (ခရိုင်အဆင့်) အနောက်ပိုင်းဇုန် (ကျောက်တံတားခရိုင်၊ အလုံခရိုင်၊ ကမာရွတ်ခရိုင်၊ မရမ်းကုန်းခရိုင်) တို့မှ တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။


ယနေ့စတင်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး၏ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ (ခရိုင်အဆင့်) အနောက်ပိုင်းဇုန်ပြိုင်ပွဲကြီးတွင်၊ အဆိုပြိုင်ပွဲဝင် ၇၄ ဦး၊ အကပြိုင်ပွဲဝင် ၄၀ ဦး၊ အရေးပြိုင်ပွဲဝင် ၁၄ ဦး၊ အတီးပြိုင်ပွဲဝင် ၈၆ ဦး၊ စုစုပေါင်းပြိုင်ပွဲဝင် ၂၁၄ ဦးဖြင့် စက်တင်ဘာ (၁၂) ရက်မှ (၁၃) ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်မြင့် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)