ဟင်္သာတမြို့နယ်တွင် သားအိမ်ခါင်းကင်ဆာ‌ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် သားအိမ်ခါင်းကင်ဆာ‌ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး


MNP ၊  စက်တင်ဘာ  ၁၃

ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ နတ်မော်လမ်းရှိ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူနှင့် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


အစည်းအဝေးသို့ ဟင်္သာတခရိုင် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ နေလင်း၊ ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်းနှင့် ပညာ‌ရေး ဝန်ထမ်းများ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်သိန်း၊ ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် မိခင်နှင့် ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်များနှင့် သူနာပြုများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ နေလင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့ ကျန်းမာရေးမှဦးစီးအရာရှိ ဒေါ်မေသန္တာက သားအိမ်ခေါင်း ကင်ဆာရောဂါနှင့် ရောဂါကာကွယ်ဆေးအကြောင်း ဟင်္သာတမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနအနေဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများအား အကျယ် တဝံ့ ရှင်းလင်းတင်ပြခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် အစီစဉ်များအား အပြန် အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)