MNP ၊ စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကာ ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး အနာဂတ်ကာလ၏ နိုင်ငံ့သားကောင်းများဖြစ်လာစေရေးအတွက် လူငယ်ရေးရာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် လှုပ်ရှားဆောင်ရွက်ပေးနေမှုအခြေအနေများ၊ လူထုအခြေပြုဗဟိုဌာန၌ လစဉ် စာဖတ်ဝိုင်းပြုလုပ်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အမက(လွန်)ဝါးတောကျောင်းမှ ကျောင်းသားကျောင်သူ လူငယ်(၂၅)ဦးတို့က စာရေးသူ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် "အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ"စာအုပ်ကို အခန်းအလိုက် ဖတ်ရှုပြီး မှတ်သားဖွယ်ရာများ၊ ၎င်းတို့ နှစ်သက်ရာများကို အပြန်အလှန် သုံးသပ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲသို့ အခြေခံပညာမူလတန်းလွန်(ဝါးတော)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးမင်းသူနှင့် ဆရာဆရာမများ ကျောင်းသားကျောင်းသူများ(၄၀)ဦးကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment