ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်




MNP ၊  စက်တင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့  “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့်  စာဖတ်ဝိုင်း ကို ယနေ့ နံနက် ၁၀ နာရီအချိန်  လူထု အခြေ ပြုဗဟိုဌာန Community  Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ပြည်ထောင်စုမြန်မာနိုင်ငံတော် ၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့   “ရုံးလုပ်ငန်း လက်စွဲ” စာ အုပ်ပါ အကြောင်းအရာများဖြစ်သော ရုံးလုပ်ငန်းများအား စစ်ဆေးခြင်း နှင့် ရုံးလုပ်ငန်းများ ကွပ်ကဲခြင်းခေါင်းစဉ် အ ကြောင်းအရာများအား ဖတ်ကြားခဲ့ပြီး ခရိုင်ရုံးရှိ ဝန်ထမ်းများက စာတွဲခြင်း နှင့် စာတွဲထိန်းသိမ်းခြင်း ၊ Gos အသုံး ပြု ခြင်း စသည့် ခေါင်းစဉ်များတွင် ပါဝင်သော အချက်အလက်များ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြား ခဲ့ကြ ပြီး  အပြန်အလှန် ဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost




No comments:

Post a Comment