MNP ၊ စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ် ၊ အမ်းခရိုင်၊ အမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ကျေး လက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အမ်းမြို့နယ်အတွင်းရှိ ကျေးရွာ (၆)ရွာတွင် ပြည်သူလူထုကိုယ် တိုင် ကျေးရွာများ၏ ပကတိလို အပ်ချက်များဖော်ထုတ်ပြီး ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းကာ ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ် တစ်ရပ်ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစီမံကိန်း(VDP) အားလည်းကောင်း၊ အမ်းမြောက်ကျေးရွာအုပ်စု ဒိုင်ကြီးကျေးရွာတွင် ဒေသထုတ်ကုန်များကို ဈေး ကွက်နှင့် စနစ်တကျ ချိတ်ဆက်၍ စဉ်ဆက်မပြတ် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများအား အစုအဖွဲ့အသွင်(သို့မဟုတ်)သမဝါယ မပုံစံဖြင့် (Commercial Scale)ကို တက်လှမ်းပိုင်ဆိုင်နိုင်ရန်အတွက် မျော်မှန်း၍ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)ကို ကျေးလက်ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP)နှင့်ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူ ထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံ ငွေ လွှဲပြောင်းပေးအပ်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်ကကျေးလက် နေပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးအ တွက် ဆင်းရဲမှုလျော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဒေသထုတ်ကုန်များကို ဈေးကွက် နှင့် စနစ်တကျ ချိတ်ဆက်၍ စဉ်ဆက်မပြတ် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက် လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်က ကျေးလက်နေပြည်သူများကိုယ် တိုင် မိမိတို့ကျေးရွာ၏ လိုအပ် ချက်များကို တိုက်ရိုက် အကောင် အထည်ဖော်ဆောင်ရွက်ရတဲ့အ တွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ အများသဘောတူ ဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်များဆောင်ရွက်ကြရန်လိုကြောင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်စိုးတို့က ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံ ကိန်း(VDP) ကျေးရွာ (၆)ရွာအား စီမံကိန်းရန်ပုံငွေ (၁၅၀)သိန်းစီနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF) ရန်ပုံငွေ (၃၀၀)သိန်းအားကျေးရွာကော်မတီများနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖွဲ့(၄)ဖွဲ့တို့အား လွှဲပြောင်းပေး အပ်ခဲ့ကြကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment