MNP ၊ စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် လူငယ် နှင့် ဗလ ငါး တန် ဖွံ့ဖြိုးစေရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန် အဆိုပါ ကျောင်း ခန်း မတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးနီ ကီးက အမှာစကားပြောကြားပြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက် ထောက် ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင် က နိုင်ငံတော်မှ အနာဂတ်ကာလအတွက် လူငယ် များ ကို တန်ဖိုးမြှင့်မားသည့် လူစွမ်းအား အရင်းအမြစ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ရာတွင် ဗလငါးတန်ဖွံ့ဖြိုး ရေး ဆိုင်ရာ ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေးရန်လိုအပ်ပါကြောင်း ၊ မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်ပြီး နိုင်ငံတည် ဆောက်ရေးအတွက် ပညာတတ်များစွာ လိုအပ်လျက်ရှိရာ ပညာရေး နှင့်ပတ်သက်၍ အားပေး ဆောင်ရွက်ကြရန် နိုင်ငံ တော်အကြီးအကဲက အမြဲမပြတ် တိုက်တွန်းအားပေးလျက်ရှိပါကြောင်း ၊ လူငယ်များ အနေနဲ့ ဗလငါးတန် အားမာန်ပွား ကြမည်ဆိုလျှင် ကိုယ့်ရဲဘဝ ခရီးဟာ ဟန်ချက်ညီညီဖြင့် လျှောက်လမ်း နိုင် မှာဖြစ်ပါကြောင်း ၊ ကာ လ ဗလ ၊ ဉာဏဗလ ၊ ဘောဂဗလ ၊ မိတ်တဗလ ၊ စာရိတ်တဗလ ပြည့်စုံပြီး စာရိတ္တ နှင့် ကိုယ့်ကျင့်တရား ကောင်း မွန်ရန် လိုအပ်ကြောင်း စသည့်တို့ကို အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် မောင်တော ခရိုင်ပြန်ကြား ရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေး အလုပ်သမားပပျောက်ရေး အသိ ပညာပေး နံရံကပ် စာစောင် ၊ ဓါတ်ပုံပြပွဲ နှင့် ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင် များအား တက်ရောက် လာကြသော သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။အဆိုပါ အသိပညာ ပေး ဟော ပြောပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာန ၊မောင်တော ခရိုင်ရုံးမှ လက်ထောက် ညွန်ကြား ရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင် နှင့် ဝန်ထမ်းများ ၊ ကျောင်းအုပ် ဆရာကြီး ၊ ဆရာ ၊ဆရာမများ နှင့် ကျောင်း သား ၊ကျောင်း သူများ တက်ရောက်ခဲ့ကြ ကြောင်း သိရ သည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment