တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်တိုင်းရင်းသားဘာသာစာပေသင် ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်တိုင်းရင်းသားဘာသာစာပေသင် ဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်




MNP ၊  စက်တင်ဘာ  ၈

ထားဝယ်တိုင်းရင်းသားဘာသာစာပေသင် ဆရာဖြစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မိမိတို့ အမိမြန်မာနိုင်ငံတော်ကြီးတွင် တိုင်းရင်းသားလူမျိုးစုကြီး ၈ ခုနှင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသားမျိုးနွယ်ပေါင်း ၁၃၅ ကျော် တည်ရှိနေသော နိုင်ငံတော်ကြီးဖြစ်ကြောင်း၊ ထားဝယ်လူမျိုးဆိုသည်မှာ ဗမာလူမျိုးစုထဲတွင် ပါဝင်ပြီး မိမိတို့ ကိုယ်ပိုင်စကား၊ စာပေ၊ ယဉ်ကျေးမှုများနှင့် ဂုဏ်ယူစွာဖြင့် ရပ်တည်နေသည့် လူမျိုးတစ်မျိုး ဖြစ်ကြောင်း၊ ထားဝယ်လူမျိုးများသည် မိမိတို့ နေအိမ်နှင့် မိမိတို့ ပတ်ဝန်းကျင်တွင် ထားဝယ်စကားကို တွင်ကျယ်စွာ ပြောနေကြသည်မှာလည်း ချစ်စရာကောင်းပြီး ဂုဏ်ယူစရာ တစ်ခုဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထားဝယ်ဘာသာစကားအခြေခံ သူငယ်တန်း ဖတ်စာ၊ ပထမတန်းဖတ်စာ၊ ဒုတိယတန်းဖတ်စာ ကျောင်းသားကိုင်စာအုပ်များအား ပညာရေးဝန်ကြီးဌာနမှ ပုံနှိပ်ထုတ်ဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေများကို KG နှင့် မူလတန်းအရွယ် ကလေးငယ်များမှ စတင်သင်ကြားပေးခြင်းဖြင့် တိုင်းရင်းသားကလေးငယ်များအား ပညာသင်ကြားရေးတွင် အထောက်အကူဖြစ်စေရန်နှင့် မိမိတို့ တိုင်းရင်းသားစာပေနှင့် ဘာသာစကားအပေါ် ပိုမို စိတ်ဝင်စားစွာ သင်ယူနိုင်ပြီး တန်ဖိုးထား လေးစားတတ်လာစေမှာဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ စာပေနှင့်အနုပညာများ မပျောက်ပျက်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် အားသွန်ခွန်စိုက် အလေးပေး ဆောင်ရွက်လျက်ကြောင်း၊  တိုင်းရင်းသားများကလည်း သားစဉ်မြေးဆက် မိမိတို့၏ ဘာသာစကား၊ စာပေနှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လက်ဆင့်ကမ်းခြင်းအားဖြင့် ထိန်းသိမ်းရာတွင် ရေရှည်တည်တံ့မှာဖြစကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းချိန်ကာလအတွင်း စိတ်ပါ ဝင်စားမှုအပြည့်နှင့် တက်ကြွစွာသင်ယူရန်နှင့် မိမိတို့ သင်ကြားတတ်မြောက်ထားသည့် သင်ခန်းစာများ၊ ဗဟုသုတများကို မိမိတို့သင်ကြားရမည့် အခြေခံပညာကျောင်းများရှိ ကလေးငယ်များကို ပညာနို့ရည်ပြည့်ဝစွာ ရရှိစေရန် သင်ယူတတ်မြောက်စေရန် စိတ်ရှည်သည်းခံ ဇွဲမှန်စွာဖြင့် ပြန်လည်သင်ကြားပေးရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တိုင်းရင်းသားဘာသာစာပေ သင်ကြားသင်ယူနေမှု အခြေအနေများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထားဝယ်စာပေသင်ကြားမည့် အခြေခံပညာကျောင်းများနှင့် ဆရာ/မများ၊ ကျောင်းသား/သူဦးရေစာရင်းအား ရှင်းလင်းပြောကြားပြီး ထားဝယ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီအတွင်းရေးမှူး ဦးတင့်လွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်၊


ထားဝယ်တိုင်းရင်းသားဘာသာစာပေသင် ဆရာဖြစ်သင်တန်းကို ထားဝယ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/မ(၅၁)ဦးအား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာ(၉)ရက်နေ့အထိ သင်ကြားပို့ချပေးမှာဖြစ်ကြောင်း သတင်းရသည်။


ကျော်ကျော်လတ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)