တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအစီအစဉ် ဘွဲ့ယူစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအစီအစဉ် ဘွဲ့ယူစာတမ်းများ ဖတ်ကြားခြင်းအခမ်းအနားသို့တက်ရောက်






MNP ၊  စက်တင်ဘာ  ၈

၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအစီအစဉ် ဘွဲ့ယူစာတမ်းများဖတ်ကြားခြင်း အခမ်းအနားနှင့် ဈေးရောင်းပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ပင်မဆောင်၌ကျင်းပသည်။


ရှေးဦးစွာ ဘာသာရပ်အသီးသီးမှ ကျောင်းသား/သူများ၏ မုန့်ပဲသရေစာများ ရောင်းချနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများက လှည့်လည်ကြည့်ရှုအားပေးသည်။


ထို့နောက် ဆရာ/ဆရာမများနှင့်ကျောင်းသား/သူများက ပညာရိပ်မြုံထားဝယ်တက္ကသိုလ်သီချင်း၊ ထားဝယ်ရိုးရာအက၊ Fitness Dance များဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက  တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဆရာ၊ ဆရာမများသည် မျိုးဆက်သစ်လူ့စွမ်းအား အရင်းအမြစ်များကို လေ့ကျင့်ပျိုးထောင်ရာတွင် သက်ဆိုင်ရာဘာသာရပ်အသီသီးကို ခေတ်မီသင်ရိုးညွှန်းတမ်းများဖြင့် ပညာရပ်အား နားလည်တတ်ကျွမ်းလာအောင် သင်ကြားပေးလျက်ရှိကြောင်း၊ လက်တွေ့ဘဝ၌ ဆက်စပ်အသုံးချနိုင်စွမ်းအား မြင့်မားလာစေရန် ပရောဂျက် အခြေပြုလေ့ကျင့်သင်ကြားမှု (Project Based Learning) ဖြင့် အတွေးအခေါ်ရင့်သန်ပြီး တီထွင်နိုင်စွမ်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ ပရောဂျက်အခြေပြု လေ့ကျင့်သင်ကြားမှု (Project Based Learning)သည် ကျောင်းသား/သူများတွင် အဖွဲ့လိုက်လုပ်ဆောင်ခြင်း။ တီထွင်ဖန်တီးတွေးခေါ်မှုမြင့်မားခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ ပူးပေါင်းလုပ်ကိုင်နိုင်စွမ်းရှိခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း စသည့်စွမ်းရည်များကို ဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပျိုးထောင်ပေးပြီးဖြစ်ကြောင်း၊ ထားဝယ်တက္ကသိုလ် ရင်ခွင်တွင်ခိုလုံပြီး တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှီ၍ ဗလငါးတန်ပြည့်စုံ ဘွဲ့ရအရည်အသွေးပြည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ကာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များဖြစ်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ထားဝယ်တက္ကသိုလ်ကျောင်းသားဟောင်းစီးပွားရေးလုပ်ငန်းရှင် ဦးအောင်မင်းနိုင်က အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း ဟောပြောပြီး ဘာသာရပ်အသီးသီးမှ ကျောင်းသား/သူများက အဖွဲ့အလိုက်သုတေသနစာတမ်းများဖတ်ကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သုတေသနစာတမ်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး အကောင်းဆုံ စာတမ်းရှင် ပထမဆုရရှိသော ရုက္ခဗေဒဘာသာရပ်၊ ဒုတိယဘူမိဗေဒဘာသာရပ်၊ တတိယရူပဗေဒဘာသာရပ်အဖွဲ့များအား ဆုချီးမြှင့်ကာ တိုင်းဒေသကြီးအစိုးရအဖွဲ့က သီဆိုဖျော်ဖြေသော အဖွဲ့များအား ဆုငွေ(၃)သိန်းချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)