MNP ၊ စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ (၁၃၅) ကြိမ်မြောက် ရှင်ဥပဂုတ္တရဟန္တာမြတ် မီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ရိုးရာမပျက် ယမန်နေ့နံနက် (၆) နာရီအချိန်မှစတင်ပြီး ကျောက်ကြီးချောင်းဘေးရှိ ရှင်ဥပဂုတ္တရဟန္တာမြတ် ကိန်းဝပ်စံပယ်ရာ စံကျောင်းတော်နှင့် ကျောက်ကြီးချောင်းအတွင်း ကျင်းပလျှက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ (၁၃၅) ကြိမ်မြောက် ရှင်ဥပဂုတ္တရဟန္တာမြတ် မီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲအား မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ရှင်သီဝလိတောင်တော်မြတ်၏ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ မိန့်ကြားချက်အရ ကျောက်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေးကော်မတီဝင်များက ဦးဆောင်၍ စက်တင်ဘာ (၂၇) ရက်နေ့ကစတင်ပြီး ရှင်ဥပဂုတ္တရဟန္တာမြတ် ဆွမ်းကြီးခံလှည့်လည်ပူဇော်ခြင်း၊ အပျော်တမ်း မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပပေးခြင်း၊ မြို့လယ်တံတားပေါ်တွင် ထမင်းထုပ်များဝေငှပေးခြင်းနှင့် ယနေ့လပြည့်ညတွင် မီးကြာခွက် (၄၂၁) လုံးအား ကျောက်ကြီးချောင်းအတွင်း မီးမျှောပူဇော်မည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီဝင်များ ပြောကြားချက်အရ သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment