(၁၄၀)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီး အထိမ်းအမှတ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၄၀)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီး အထိမ်းအမှတ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ



MNP ၊  စက်တင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ (၁၄၀)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအထိမ်းအမှတ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က အဆိုပါစေတီတော်မုဒ်ဦးအနီး လှေပြိုင်ပွဲဆုပေးပွဲမဏ္ဍပ်တွင် ကျင်းပခဲ့သည်။


အဆိုပါ မိတ္ထီလာမြို့(၁၄၀)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီး အထိမ်းအမှတ် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲကို အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီးညီညီမောင်၊ အမှတ်(၁၀)တပ်မတော် အကြီးစားစက်ရုံ၊ စက်ရုံးမှူး ဗိုလ်မှူးချုပ်ကျော်စန်းလွင်၊ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်ကျော်ကျော်၊ ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြေပြင်အတက်သင်လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးဗိုလ်မှူးချုပ်မြင့်သောင်း၊ လေကြောင်းအတက်သင် လေတပ်စခန်းဌာနချုပ်မှဌာနချုပ်မှူး ဗိုလ်ချုပ်ဝင်းမောင်သိန်းနှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။


မိတ္ထီလာမြို့ (၁၄၀)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတောဗုဒ္ဓပူဇနိယပွဲတော်ကြီး အထိမ်းအမှတ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ အကြီးတန်းလှေလှော်ပြိုင်ပွဲနှင့် အငယ်တန်းလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲများကိုကျင်းပရာ အငယ်တန်းလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဝါးတန်းအောင်ခန့်အသင်းနှင့် ဗိုလ်ကန်သန်းစောအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ဝါးတန်းအောင်ခန့်အသင်းက အနိုင်ရခဲ့ပြီး အကြီးတန်း လှေလှောင်ပြိုင်ပွဲတွင် လူခင်းကြီးကျော်အသင်းနှင့် ဇေယျာဟိန်းတို့ယှဉ်ပြိုင်ရာ လူခင်းကြီးကျော်အသင်းက အနိုင်ရခဲ့သည်။


၎င်းမြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ အကြီးတန်းလှေလှော်ပြိုင်ပွဲနှင့် အငယ်တန်းလှေလှော်ပြိုင်ပွဲများကို စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင်းပခဲ့ရာ အကြီးတန်းလှေလှော်ပြိုင်ပွဲတွင် အသင်း(၆)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အငယ်တန်းလှေလှော်ပြိုင်ပွဲတွင် အသင်း (၂၀)ပါဝင်ယှဉ်ပြိုင်ခဲ့သည်။


၎င်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ  မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ အကြီးတန်းလှေလှော်ပြိုင်ပွဲနှင့် အငယ်တန်း လှေလှော်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသည့်  အသင်းများအား အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူး ဗိုလ်မှူးကြီး ညီညီမောင်၊ အမှတ်(၁၀) တပ်မတော်အကြီးစားစက်ရုံ၊ စက်ရုံးမှူး ဗိုလ်မှူးချုပ်ကျော်စန်းလွင်၊ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်ကျော်ကျော်၊ ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)