MNP ၊ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကပ်ခိုကျေးရွာအုပ်စု ကွင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် လေးတူးကျေးရွာအုပ်စု လေးတူးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် ယမန်နေ့ နေ့လယ်က မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
မြန်အောင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းမင်းစိုး ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများက ဒေသခံကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကျေးရွာတွင်း လမ်းတံတားကောင်းမွန်ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ နိုင်ငံသားစိစစ်ရေးလက်မှတ်၊ အိမ်ထောင်စု စာရင်းဆောင်ရွက် ခြင်းစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ လိုက်နာရေး၊ ကျေးရွာ လမ်းများသန့်ရှင်း သာယာလှပရေး၊ မိုးကာလခြင်နှင့် ယင်ကြောင့်ဖြစ်သော ရောဂါများ ဖြစ်ပွားမှုမရှိစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်၍ ကျေးရွာပြည်သူများ၏ ဆွေးနွေး တင်ပြချက်များကို သက်ဆိုင်ရာ ဌာနများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြန်အောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment