ဥတ္တရသီရိမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥတ္တရသီရိမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ



MNP ၊  စက်တင်ဘာ  ၂၉

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်ညိုကျေးရွာ (ယာယီ) နယ်မြေ မီးသတ်စခန်းတွင် ကျင်းပခဲ့သည်။


အဆိုပါအခမ်းအနားတွင် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစိုးသက်နောင်တို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းသားများ ကိုယ်စား မီးသတ်တပ်ခွဲမှူးများမှ လက်ခံရယူကြပြီး တောင်ညိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်မှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး  သင်တန်းကာလမှာ စက်တင်ဘာလ ၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်တန်းသား ၃၅ ဦးအား သင်တန်းနည်းပြအရာရှိ ၃ဦး၊ အခြားအဆင့် ၄ဦးဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)