MNP ၊ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ရာသီပေါ်ငွေပန်းများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပို ဝင်ငွေရရှိကြောင်း ငွေပန်းစိုက်ပျိုးရောင်းချသူ ဒေါ်နှင်းရှိန်ထံက သိရသည်။
“ကျေးလက်ဒေသများတွင် ဘုရားပန်းများဖြစ်သည့် မေမြို့ပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်းအမျိုးမျိုး၊ နှင်းဆီ၊ စံပယ်၊ ဇွန်ပန်းများ စိုက်ပျိုးကြသည့်အပြင် ငွေပန်းပင်များကို စိုက်ပျိုးထားကြကြောင်း၊ အခြားပန်းများသည် မြေအောက်ရေ ပေးသွင်းရပြီး ငွေပန်းသည် ရေအစိုဓာတ်ရှိသည့် မြေကွက်များတွင် စိုက်ပျိုးရသည် ဖြစ်ကြောင်း၊ လက်တက်ပွားဥများ၊ အမြစ်များပါရှိသဖြင့် ငွေပန်းကို တစ်ကြိမ်သာ စိုက်ပျိုးထားပါက အပင်များ ပွားများလာကြောင်း၊ စိုက်ပျိုးပြီး (၇)လအကြာတွင် ပန်းဖူး၊ ပန်းပွင့်များ စတင်ခူးယူရရှိနိုင်ကြောင်း၊ သဘာဝအလျှောက်အပင်ဖြစ်ထွန်း၍ အပွင့်ပွင့်သောကြောင့် အပင်အားဆေး၊ အပွင့်အားဆေးနှင့် ပိုးသတ်ဆေးဝါးများ အသုံးမပြုရကြောင်း၊ ခုလိုမိုးရာသီတွင် အပင်ပိုမိုဖြစ်ထွန်း၍ အပွင့်များစွာရရှိကြောင်းနှင့် ငွေပန်း (၅)ပွင့်တစ်ကုံးလျှင် (၁၀၀) ရောင်းချရတဲ့အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း”ငွေပန်းစိုက်ပျိုးရောင်းချသူ မသိမ့်ကပြောသည်။
မူမူစန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment