မိုးမိတ်မြို့နယ်တွင် တော်သလင်းလပြည့်နေ့ ဆွမ်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမိတ်မြို့နယ်တွင် တော်သလင်းလပြည့်နေ့ ဆွမ်းလောင်းလှူပွဲ ကျင်းပ



MNP ၊  စက်တင်ဘာ  ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် တော်သလင်းလပြည့်နေ့ ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်  ၆ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။


မိုးမိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်သံဃာတော်များ၊ ရှင်သာမဏေများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်စိုက်ပျိုးရေးရုံးထိပ်တွင် စုဝေးတော်မူပြီး မိုးမိတ်၊ မန်တုံလမ်းမကြီးအတိုင်း လမ်းတစ်လျှောက်ကြွမြန်တော်မူကြရာ စေတနာရှင်၊ အလှူရှင် မိဘပြည်သူများက ဆွမ်း ၊ ဟင်းနှင့် လှူဖွယ်ပစ္စည်းမျိုးစုံတို့ကို လောင်းလှူခဲ့ကြကြောင်း သိရသည်။


နှစ်စဉ် ဝါတွင်းကာလ လပြည့်၊ လကွယ်နေ့ ရောက်တိုင်း ဒေသခံပြည်သူများသည်  ဥပုဒ်သီးတင်း ဆောက်တည်ကြခြင်း၊ စုပေါင်း၍ ဆွမ်းလောင်းလှူခြင်းတို့ကို ဆောင်ရွက်ကြပြီး အလှူဒါန ကုသိုလ်ကောင်းမှုပြုလုပ်ကြကြောင်း သိရသည်။


စည်သူဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)