MNP ၊ စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အခြေခံလူတန်းစားများ စားသုံးမှုအဆင်ပြေချေားမွေ့စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်ပစ္စည်းဖြစ်သည့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ဝါးခယ်မမြို့၊ မြူရုံးလမ်းရှိ ရွှေခယ်သီရိအားကစားခန်းမရှေ့တွင် မြောင်းမြခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပူးပေါင်း၍ ဆီတစ်ပိဿာ (၄၆၀၀) ကျပ်နှုန်းဖြင့် ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment