ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ဘီလာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ဘီလာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး တွေ့ဆုံ




MNP ၊ စက်တင်ဘာ ၂၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ ဘီလာရုစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Dmitry Krutoi အား ၁၉-၉-၂၀၂၃ ရက် (အင်္ဂါနေ့)  မော်စကို စံတော်ချိန် ၁၁:၀၀ နာရီတွင် မော်စကိုမြို့ရှိ ဘီလာရုစ်နိုင်ငံ သံရုံး၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း မြန်မာသံရုံး (မော်စကို) က သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ မှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ဘီလာရုစ် နိုင်ငံခရီးစဉ် အဆင်ပြေချောမောစွာ ဆောင်ရွက်နိုင်မှုနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ် မြို့တွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းတို့အတွက် ဘီလာရုစ်နိုင်ငံနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြန်မာ-ဘီလာရုစ်နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နေမှုများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံအတွင်း အကြမ်းဖက် အဖွဲ့အစည်းများက မငြိမ်မသက်ဖြစ်စေရန်၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေရန် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေမှုများ၊ ယင်းအခြေအနေများ အကြားတွင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်နေမှုများ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပ နိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ အားထုတ်ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍လည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)