MNP ၊ စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင် များအား ယနေ့ နံနက် ၉ နာရီ အချိန် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး သိန်းထွန်းအောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင် ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ၊ မဖြစ်ပွားစေရန် နှင့် စက်သုံးဆီ သိုလှောင်ထားရှိမှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ် ထားသော စည်းကမ်း ချက်များ နှင့် ကိုက်ညီမှု ရှိမရှိ ၊ မတော်တဆ မီးလောင်မှု ဖြစ်ပွားပါက မီးငြိမ်းသတ်ဆေးဘူးများ ထားရှိ အသုံးပြုတတ်စေရေး ၊ စက်သုံးဆီဆိုင်များတွင် ပြည်သူများ သိရှိစေရေး အတွက် မီးဘေးလုံခြုံရေး ပညာပေး ဆိုင်းဘုတ်များ ထားရှိ စေရေး တို့ကို ကွင်းဆင်း စစ်ဆေး အကြုံပြု ခဲ့ ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment