ပင်လောင်းမြို့၌ မြေပိုင်ရှင်များထံ မြေယာလျော်ကြေးငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့၌ မြေပိုင်ရှင်များထံ မြေယာလျော်ကြေးငွေပေးအပ်


MNP ၊  စက်တင်ဘာ  ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ ပင်လောင်းမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ မြေယာ လျော်ကြေးငွေအား မြေပိုင်ရှင်များထံ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပေးအပ်ခဲ့သည်။


အဆိုပါ မြေကွက်သည် ပင်လောင်းမြို့ ကန်သာဦးရပ်ကွက်၊ ဦးပိုင်အမှတ် (၂၃၂) မြို့မြေအတွင်းရှိ ဧရိယာ (၀.၂၇၉) ဧကအတွက် သစ်တောဦးစီးဌာနမှ မြေယာလျော်ကြေးငွေကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ ကန်သာဦးရပ်ကွက် အုပ်ချုပ်ရေးမှူး၊ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၏ ရှေ့မှောက်တွင် မြေပိုင်ရှင် ဦးကျော်သန်း အပါအဝင် လေးဦးထံ မြေယာလျော်ကြေးငွေကျပ် (၁၆၇၄၀၀၀၀) ကိုပေးအပ်ခဲ့ပြီး၊ ပင်လောင်းမြို့ ကန်သာဦးရပ်ကွက်၊ ဦးပိုင်အမှတ် (၂၃၂) မြို့မြေအတွင်းရှိ ဧရိယာ (၀.၂၇၉) ဧကရှိ ၎င်းမြေကွက်ကို သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)