MNP ၊ စက်တင်ဘာ ၂၆
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနCommunity Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကိုယနေ့ နေ့လည် ၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာမြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓါတ်ပုံကျွမ်းကျင်-၂ ဦးမြင့်စိုး က စစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ် နိုင်မှုနှင့် ဉာဏ် ရည်ဉာဏ်သွေးကိုတိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းကိုအထောက် အကူ ပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်ပြီး စာကြည့်တိုက် ၊ စာအုပ်စာပေများနှင့်လည်း ထိတွေ့မှုရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်၍ ပြိုင်ပွဲ ၏ စည်းမျဉ်း၊ စည်းကမ်းများ ကိုရှင်း လင်းပြောကြား ခဲ့ပြီး နောက် စစ်တုရင်ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်း သူ (၁၀)ဦးမှ ဝင်ရောက် ယှဉ်ပြိုင်သွားပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများကို တာဝန် ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြောင်းသိရသည်။
မြင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment