ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျှက်ရှိ





MNP ၊  စက်တင်ဘာ  ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ယမန် နေ့ နံနက်ပိုင်းကစတင်ကာ ပင်စင်လစာငွေများကို ထုတ်ပေးလျှက်ရှိသည်။


ထိုသို့ ထုတ်ပေးလျှက်ရှိရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့်  ပင်စင်လစာငွေများထုတ်ယူ ရာ၌ အဆင်ပြေချောမွေ့စေကာ အခက်အခဲမဖြစ်ပေါ်စေရန်အတွက်  ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန် ရက်များတွင် နံနက် ၇ နာရီမှစတင်၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။ ထို့အပြင်  သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသော အငြိမ်းစားဝန်ထမ်းများကို အောက်တိုဘာ လ လဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်သည်။


ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လာရောက်ထုတ်ယူသူ ၁၂၀၀ နှင့် ၁၃၀၀ ကျော်ကြားရှိပြီး စက်တင်ဘာလ ၂၁ ရက်နေ့က ပင်စင်လာရောက်ထုတ်ယူသူ ၆၈၅ ဦးတို့အား ပင်စင်လစာငွေ (၇၈.၉၂၅) ကျပ်သန်းအား ထုတ်ပေးထားပြီးဖြစ်ကာ ပင်စင်လစာထုတ်ယူရန်ကျန်ရှိ နေသူများကိုလည်း  ဆက်လက်ထုတ်ပေးလျှက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရှိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)