ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိန္တလီမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်






MNP ၊  စက်တင်ဘာ  ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်း က အ.ထ.က ကျိန္တလီကျောင်း ရွှေကိန္နရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ အ.ထ.က ကျိန္တလီမှ ဆရာမ ဒေါ်ဖြိုးဝေမွန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်သန်းသန်းလေးက လူငယ်မောင်မယ်လေးများအား ကျန်းမာရေးဗဟုသုတများနှင့် အထွေထွေဗဟုသုတများရရှိစေရန်၊ အတွေးအမြင်များကို ဆွေးနွေးတင်ပြနိုင်စေရန်၊ မိမိတို့သိရှိလိုသည်များကို ရဲရဲဝံ့ဝံ့ မေမြန်းနိုင်စွမ်းရှိစေရန် ရည်ရွယ်၍ လစဉ် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ဦးဆောင်သူအဖြစ်ပါဝင်ဆောင်ရွက်ပြီး Grade-11မှ မောင်မြင့်မြတ်အောင််က “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ  မခင်ရတနာဦးက“လူငယ်နှင့်အင်တာနက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ  မခင်ဘုန်းလျှံက “လူငယ်နှင့်လူမှုဆက်ဆံရေး” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-11 မှ  မအိမ့်သဉ္ဇာမောင်က “အင်တာနက်သုံးစွဲခြင်း၏ကောင်းကျိုးနှင့်ဆိုးကျိုးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။ 


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)