MNP ၊ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က လုပ်ငန်း ညှိနိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူဟိန်းက ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနက ထုတ်ပြန်ခဲ့သောအမိန့်/ ညွှန်ကြားချက်များ၊ ရုံးလုပ်ငန်းများ၊ စာကြည့် တိုက်ဆိုင်ရာလုပ်ငန်းနှင့် အခြားရုံးလုပ်ငန်းများကိုဝန်ထမ်းများ ပိုမိုသိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ ထိုသို့ သိရှိနားလည်ထားခြင်းဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ပိုမိုတိုးတက် ကောင်းမွန်လာမည် ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအရည်အသွေး တိုးတက်မြင့်မားပြီး ရုံးလုပ်ငန်းများဆောင် ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက စာကြည့်တိုက်ဆိုင်ရာ ကိစ္စရပ်များအားလည်း ကောင်း၊ ဦးထွန်းလင်းကျော် ဓါတ်ပုံကျွမ်းကျင်-၂ က သတင်းဆိုင်ရာများကို လည်းကောင်း၊ ဝန်ထမ်းတစ်ဦး ချင်းအလိုက်ဆွေးနွေးကြပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment