MNP ၊ စက်တင်ဘာ ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု (ခရိုင်အဆင့်)အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က ကျောက်ဖြူမြို့၌ (၂၄) ကြိမ် မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ များဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ကော်မတီများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ကြစေလိုကြောင်း၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အကဲဖြတ်အမှတ်ပေး ဒိုင်အဖြစ်ဆောင်ရွက်ကြမည့် တာဝန်ရှိသူများအနေဖြင့်လည်း မှန်မှန် ကန်ကန် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ရခိုင်ပြည်နယ်အတွက် ရွက်ပုန်းသီးအနုပညာရှင်များကိုဖော်ထုတ် ၍ မြေတောင်မြှောက်ပေးရမည်ဖြစ်ကြောင်းနှင့် ခရိုင်အဆင့်မှ ဗဟိုအဆင့်ထိ ဆုများရရှိရန် လိုက်ပါ ကြီးကြပ်ကြမည့်သူများမှ စနစ်တကျ သင်ကြားပြသပေးစေလိုပါကြောင်း စသဖြင့် အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများမှ မိမိတို့ ဆောင်ရွက်မည့်အခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment