မင်းဘူး(စကု)မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်




MNP ၊  စက်တင်ဘာ  ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဦးဆောင်ပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗီနိုင်းပိုစတာစိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် ထောက်ရှာပင်ကျေးရွာအုပ်စု ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်းရှိ စစ်ဆေးရေးဂိတ်အနီးတွင် ဆောင်ရွက်ခဲ့သည်။


ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူး(စကု)မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့မှ ဦးဆောင်၍ မင်းဘူးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့/မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဗီနိုင်းပိုစတာကို စိုက်ထူခြင်းကို ဆောင်ရွက်ခဲ့ပြီးနောက် မင်းဘူး-မင်းလှ-မကွေး ကားလမ်းမတွင် အသုံးပြုသွားလာနေသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် ပြည်သူများကို အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မောင်မောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment