(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံမိသားစုဝင်များအား မီးဖိုချောင်သုံး အစားအသောက်များနှင့် ဆေးဝါးများအား ပေးဝေး လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံမိသားစုဝင်များအား မီးဖိုချောင်သုံး အစားအသောက်များနှင့် ဆေးဝါးများအား ပေးဝေး လှူဒါန်း



MNP ၊  စက်တင်ဘာ  ၇

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် အခြေခံမိသားစုဝင်များအား ခရိုင်/မြို့နယ်၊မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စုပေါင်း၍ ကာလတန်ဖိုး မြန်မာကျပ်ငွေ သိန်း (၂၀၀)ကျော်တန်ဖိုးရှိ မီးဖိုချောင်သုံး အစားအသောက်များနှင့် အဝတ်အထည်များကို ယမန်နေ့ နံနက် (၉:၀၀)နာရီအချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပေးဝေလှူဒါန်းခဲ့ကြပါသည်။


ထိုသို့ ချို့တဲ့နွမ်းပါးပြည်သူများကို ပေးဝေးလှူဒါန်းရာတွင် မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှိုင်ကျော်မြင့်နှင့်ဇနီး ဒေါ်ခရေဦးတို့က ကြီးမှူးစီစဉ်ဆောင်ရွက်ခဲ့ကြပြီး မီးဖိုချောင်သုံး ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ၊ ခေါက်ဆွဲ၊ ကြက်သွန်၊ သီးစုံပဲဟင်းဘူး၊ ငရုတ်သီးကြော်ဘူး၊ ရေသန့်၊ ဆေးဝါးနှင့် ‌‌‌‌ငွေသားအလှူငွေများကို ပေးဝေလှူဒါန်းခဲ့ပါသည်။ ထိုသို့လှူဒါန်းရာတွင် မူဆယ်ခရိုင် ရဲတပ်ဖွဲ့နှင့် မိသားစုဝင်များက ကာလတန်ဖိုး မြန်မာငွေ သိန်း (၁၀၀)ကျော်၊ မြို့နယ်ရဲစခန်းမှ ကာလတန်ဖိုး မြန်မာငွေ သိန်း(၂၀)ကျော်၊ မူဆယ်မြို့မရဲစခန်းမှ ကာလတန်ဖိုး မြန်မာငွေ သိန်း (၆၀)ကျော်နှင့် မူဆယ်မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ကာလတန်ဖိုး မြန်မာငွေ သိန်း (၁၇)သိန်းကျော် စုပေါင်း၍ ဆန်(၁)ပြည်အိတ်(၁၀၀၀)အိတ်၊ ရေသန့်ဘူး(၁၂၀၀)ဘူး၊ သီးစုံပဲဟင်းဘူး (၁၂၀၀) ဘူး၊ မာမီးခေါက်ဆွဲ(၄)ထုပ်ပါအထုပ်ကြီး (၁၀၀၀)ထုပ်၊ ကြက်သွန်၁ပိဿာထုပ် (၁၀၀၀)ထုပ်၊ ဆီ၂၅ကျပ်သားပါဘူး (၁၀၀၀)ဘူး၊  ကြက်ဉ ၆ လုံးပါကတ် (၁၀၀၀)ကတ်၊ ငရုတ်သီးကြော်ဘူး (၁၂၀၀)ဘူး၊ အထွေထွေဆေးဝါးဘူး (၁၂၀၀)ဘူးနှင့် အဝတ်အထည်တို့အပြင် ရဲမှူးနှင့် ဇနီးက ငွေသားကျပ် သိန်း(၃၀)ကျော်တို့အား ပေးဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။


အဆိုပါ ပြည်သူ့အကျိုးပြု အခြေခံမိသားစုဝင်များကို ပေးဝေလှူဒါန်းနေမှုအား မူဆယ်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ခရိုင်အုပ်ချူပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့် ဇနီးတို့ကလည်း လှူဒါန်းပေးဝေခြင်းတို့ကို  လိုက်လံကြည့်ရှုခဲ့ကာ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)