MNP ၊ စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံမှ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်းဦးဆောင်၍ယမန်နေ့ နံနက်ပိုင်းက ကြာနီကန်ရပ်ကွက်၊ ပြည်-ရန်ကုန် လမ်း(အထက)အထက်တန်းကျောင်းတွင်စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြသခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဒုတိယ မီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုက ကျောင်းသား / ကျောင်းသူ လေးများကိုမီးဘေးဆိုင်ရာအသိပညာများစိမ့်ဝင်ပျံနှံစေရေးအတွက် မီးဘေးအသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များကကျောင်းသား / ကျောင်းသူ လေးများအား မီးသတ်ဆေးဘူးဖြင့်ကိုယ်တိုင် လက်တွေ့သရုပ်ပြသခြင်း၊မီးသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment