ဂွမြို့နယ်တွင် အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးများအား ဗီတာမင်(အေ)ဆေးတိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် အသက် ၆ လမှ ၅ နှစ်အရွယ် ကလေးများအား ဗီတာမင်(အေ)ဆေးတိုက်ကျွေး





MNP ၊  စက်တင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်   အသက် (၆)လမှ (၅)နှစ်အထိ ကလေးများအား အာဟာရရက်သတ္တပတ်အနေဖြင့် ဗီတာမင်အေဆေးများ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်  ကျန်းမာရေးဝန်ထမ်းများက တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။ 


 ထိုသို့ ကာကွယ်ဆေးများ တိုက်ကျွေးရာတွင်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ အသက်(၆)လမှ (၅)နှစ်ထိကလေးငယ်များအား ဗီတာမင်(အေ)ဆေးတိုက်ကျွေးခြင်းအစီအစဥ်တွင် အသက်(၆)လမှ (၁၁)လအထိ ကလေးများအား ဗီတာမင်အေဆေး(တစ်သိန်း)အား ကိုလည်းကောင်း၊ အသက်(၁)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေဆေး(နှစ်သိန်း)အား ကိုလည်းကောင်းတိုက်ကျွေးပေးခဲ့ကြောင်းနှင့် စက်တင်ဘာလ (၁၃)ရက်နေ့မှ ၁၅)ရက်နေ့အထိ  မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဗီတာမင်(အေ)ဆေး တိုက်ကျွေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ရွှေရည် ဝင်းကျော် 

https://t.me/MyanmarNationalPost




No comments:

Post a Comment