ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြပွဲများဆက်လက်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြပွဲများဆက်လက်ဆောင်ရွက်လျက်ရှိ





MNP ၊  စက်တင်ဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်းလမ်းညွှန်မှုဖြင့်ယမန်နေ့ နံနက်ပိုင်းက သရက်တောရပ်ကွက်၊ (အလက)ချည်မျှင်ကျောင်းတွင်စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြသခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ဒုတိယ မီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုက ကျောင်းသား / ကျောင်းသူ လေးများကိုမီးဘေးဆိုင်ရာအသိပညာများစိမ့်ဝင်ပျံနှံစေရေးအတွက် မီးဘေးအသိပညာပေးဟောပြောခဲ့သည်။


ဆက်လက်၍ မြို့နယ် မီးသတ်ဦးစီးဌာန၊ဒုတိယ မီးသတ်ဦးစီးမှူး ဦးလှိုင်းကိုကိုနှင့် တပ်ဖွဲ့ဝင်များကကျောင်းသား / ကျောင်းသူ လေးများအား မီးသတ်ဆေးဘူးဖြင့်ကိုယ်တိုင် လက်တွေ့သရုပ်ပြသခြင်း၊မီးသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ရွှေတောင်မြို့နယ်အတွင်း ရှိ အခြေခံပညာ အလယ်တန်း ၊အထက( ခွဲ) နှင့်အထက်တန်းကျောင်းများစာသင်ကျောင်းများတွင်အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော သရုပ်ပြသမှုဆောင်ရွက်ချက်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)