MNP ၊ စက်တင်ဘာ ၁၃
မျိုးဆက်သစ် ကျောင်းသားကျောင်းသူများအားဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်၍ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စားသုံးသူရေးရာဦးစီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာန နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အထက (ခွဲ)သရက်တော ကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စောက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဦးက စားသုံးသူ၏ အဓိပ္ပာယ်၊အခွင့်အရေးများ၊ စားသုံးသူနှင့်ပတ်သက်သောကုန်ညွှန်းအမှတ်အသား ( ၈)ချက်ကိုလည်း ကောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက လူငယ်နှင့် အားကစား၊ "အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုး ကျေးဇူးများ" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုက ကလေးများ၏ သဘောသဘာဝနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာမျာကို သရုပ်ပြ ဟောပြောခဲ့သည်။ဆက်လက်၍နောက်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောေပြာပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်ရည်မှန်းချက်၊ လူကုန်ကူးမှု၏ အဓိပ္ပာယ်၊ ၂၀၂၃-ခုနှစ်၊လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်များ၊ လူကုန်ကူးမှုတားဆီးရေးအသိပညာပေးအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များဖတ်စေခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ကလေးအလုပ် သမားပပျောက်ရေးအသိပညာပေးနံရံကပ် စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment